အရောင်းဝန်ထမ်း(၂)ဦး
ပန်းတနော်၊ ညောင်တုန်း ၊ မွန်ပြည်နယ်
လုပ်ငန်း
သင်ဟာ အရောင်းရည်မှန်းချက်များကို ပြည့်မှီအောင် စွမ်းဆောင်နိုင်ပြီး၊ စိန်ခေါ်မှု မြင့်မားသည့် ကျေးလက်အရောင်းအဖွဲ့နှင့်လုပ်ငန်းတာဝန်များအား ထမ်းဆောင်နိုင်သည့်အရောင်း ဝန်ထမ်းတစ်ဦးလား။
တာဝန်
စားသုံးသူများနှင့်၊ မိမိကုန်ပစ္စည်းအား စိတ်ပါဝင်စားသူများကို၊ ကုန်ပစ္စည်း သရုပ်ပြခြင်း၊ စျေးကွက်ဖော်ဆောင်ခြင်းများကို ပြုလုပ်ရမည်။
စားသုံးသူများ လက်ရှိကုန်ကျနေသော ကုန်ကျစားရိတ် နှင့် မိမိထုတ်ကုန်မှပေးနိုင်သောစားရိတ် ချွှေတာနည်း နှင့် အကျိုးအပြစ် အား တစ်အိမ်ဝင်တစ်အိမ်ထွက် ရှင်းလင်းပြသနိုင်ရမည်။
မိမိစားသုံးသူများ မိမိနှင့် ရေရှည် လက်တွဲလုပ်ဆောင်နိုင်အောင် ဖန်တီးနိုင်စွမ်းရှိသူဖြစ်ရမည်။
ရပ်ကွက်ကျေးရွာ ရပ်မိ၊ ရပ်ဖများ နှင့်ပူးပေါင်းကာ ကုန်ပစ္စည်း သရုပ်ပြပွဲများကျင်းပနိုင်ရမည်။
စားသုံးသူများ ၏လိုအပ်ချက်၊ တိုင်ကြားချက်မှားကို စေတနာပါပါ အရေးတစ်ယူ ဖြေရှင်း ဆောင်ရွက်တတ်သူ ဖြစ်ရမည်။
မိမိသဘောတူညီမှု ဖြင့်သတ်မှတ်ထားသော အရောင်းရည်မှန်းချက်အား မဖြစ်မနေ အကောင်ထည်ဖော်နိုင်စွမ်းရှိသူဖြစ်ရမည်။
အရောင်းမန်နေဂျာ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်တတ်ရမည်။
မိမိသက်ဆိုင်ရာဒေသနှင့် ပတ်သက်သည့် သတင်းအချက်အလက်၊ စျေးကွက်အခြေအနေ နှင့် စားသုံးသူများ၏ အကျိုးဖြစ်ထွန်းစေနိုင်သည့် သတင်းအချက်အလက်များအား သက်ဆိုင်ရာမန်နေဂျာမှတစ်ဆင့် ပုံမှန်သတင်းပို့နိုင်ရမည်။
ကုန်ပစ္စည်း ၊ဝန်ဆောင်မူများ ပိုမိုတိုးတက်ကောင်းမွန်နိုင်မည့်နည်းလမ်းများရှိပါက သက်ဆိုင်ရာမန်နေဂျာမှတစ်ဆင့် ပုံမှန်သတင်းပို့နိုင်ရမည်။
စဉ်ဆက်မပြတ် တိုးတက်လိုစိတ် ရှိရမည်။
လိုအပ်ချက်များ
ပန်းတနော်၊ ညောင်တုန်း၊ မွန်ပြည်နယ် ဒေသများတွင် အရောင်း တာဝန်ထမ်းဆောင်ဖူးသူနယ်ခံဖြစ်ရမည်
သက်ဆိုင်ရာ ဒေသတစ်ဝိုက်၏ ရာသီဥတု၊ သီးနှံ၊ ရေအရင်းအမြစ်များ သိရှိနားလည်သူဖြစ်ရမည်။
အလုပ်လုပ်ရန် လိုင်စင်ရှိ ဆိုင်ကယ်ရှိပြီး ကျေးလက်လမ်းများတွင် ကျွန်းကျင်ပိုင်နိုင်စွာ မောင်းနှင်နိုင်သူဖြစ်ရမည်။
စကားပြောပြေပြစ်ပြီး ညှိနိုင်း အလုပ်လုပ်နိုင်စွမ်းရှိရမည်
မိမိ အချိန်ကို စနှစ်တစ်ကျ စီမံနိုင်ရမည်
ဒေသဆိုင်ရာ အသုံးအနှုံးများကို နားလည်ရမည်။
CRM စနှစ် နှင့် လက်ကိုင်ဖုန်း အသုံးပြုကာ သတင်းပို့နိုင်ရမည်။
ပွင့်လင်းမြင်သာမှု တန်ဖိုး ထားသည့် အဖွဲ့ ဖြစ်သည့်အတွက် မသမာမှု၊လိမ်လည်မှု နှင့်ဆိုင်သော မှတ်တမ်းမရှိသူဖြစ်ရမည်။
ခံစားခွင့်
မိမိ၏ အရောင်း အရည်အချင်းတစ်ခုကို အသုံးချတိုင်း ကျေးလက်ဒေသကို အကျိုးပြုနိုင် မည်။
ဆွဲဆောင်မူရှိသည့်လစာနှင့် ကော်မရှင်ခံစားခွင့်ရှိသည်။
အရောင်း မန်နေဂျာရာထူးတက်လှမ်းနိုင်ရန် အခွင့်အရေးရှိသည်။
အလုပ်လျှောက်လွှာတင်ရန်
CV ကို info@dprimer.com သို့ ကိုယ်တိုင်ကိုယ်ကျ Email ပို့နိုင်ပါသည်။